Yoyogi ဘူတာမှစက္ကန့်၂၀မျှ၊ဂျပန်နိုင်ငံရဲ့အချက်အချာနေရာ၊ကျောင်းသားတွေသဘောကျနှစ်သက်တဲ့ Shinjuku နဲ့နီးပြီး အကောင်းဆုံးနေရာမှာရှိတဲ့ကျောင်းပါ။Businessအတွေးအခေါ်တွေကိုပိုပြီးသိမြင်နိုင်မဲ့ကောင်းဆုံးတည်နေရာပဲဖြစ်ပါတယ်။
တစ်ကြိမ်တည်းပေးသွင်းခြင်း | အရစ်ကျပေးသွင်းခြင် | |
ပုံမှန်ကျောင်းလခ | ပထမနှစ်- ယန်း ၁,၂၄၇,၀၀၀ | (ပ-နှစ်၀က်)ယန်း ၈၃၇,၀၀၀ (ဒု-နှစ်၀က်)ယန်း ၄၁၀,၀၀၀ |
ဒုတိယနှစ်- ယန်း ၁,၂၈၄,၀၀၀ | (ပ-နှစ်၀က်)ယန်း ၇၇၈,၀၀၀ (ဒု-နှစ်၀က်)ယန်း ၅၀၆,၀၀၀ |
|
ပညာတော်သင်ထောက်ပံ့ကြေးစနစ် | ပထမနှစ်- ယန်း ၁,၀၄၇,၀၀၀ | (ပ-နှစ်၀က်)ယန်း ၆၃၇,၀၀၀ (ဒု-နှစ်၀က်)ယန်း ၄၁၀,၀၀၀ |
ဒုတိယနှစ်- ယန်း ၁,၁၈၄,၀၀၀ | (ပ-နှစ်၀က်)ယန်း ၆၇၈,၀၀၀ (ဒု-နှစ်၀က်)ယန်း ၅၀၆,၀၀၀ |
လွန်ခဲ့တဲ့(7)နှစ်အတွင်းမှာ အလုပ်ရရှိနှုန်း 90%ကျော်ကို ထိန်းသိမ်းထားနိုင်ပြီး အခုဆိုရင်100%ထိတိုးတက်လာပြီကျောင်းသားရဲ့ အလုပ်အကိုင်ရှာဖွေရေး လှုပ်ရှားမှုကို တစ်ဦးချင်းအလိုက် support ပေးပြီး၊ career support နှင့်အလုပ်အကိုင်ပြပွဲပေါင်းများစွာဖြင့် မိမိဆန္ဒရှိတဲ့အလုပ်အကိုင်မျိုး ရရှိစေရန် လမ်းညွှန်မှုပေးလျှက်ရှိပါတယ်။
ကျောင်းမှာဆိုရင် အတန်းပိုင်ဆရာနှင့် အလုပ်အကိုင်ရရှိရေးလုပ်ရှားမှုလမ်းညွှန်ရာမှာ အထူးကျွမ်းကျင်သော(career support center)၊အထူးသဖြင့် ကုမ္ပဏီများ၊ဘွဲ့ရကျောင်းသားများနှင့်အတူ ဆက်သွယ်ပူးပေါင်း၍ကျောင်းသားတစ်ဦးချင်းအလိုက် အသေးစိတ်အလုပ်အကိုင်ရှာဖွေရေး အကူအညီများကိုလုပ်ဆောင်လျှက်ရှိပါတယ်။
အသိမှတ်ပြုလက်မှတ် အမျိုးအစားပေါင်း(50)ကျော်အနက်မှ မိမိအိပ်မက်နဲ့ကိုက်ညီတာကိုရယူမယ်စံချိန်ပြည့်၀သော သင်ခန်းစာများဖြင့် သင့်ရဲ့အရည်အချင်း၊တရား၀င်အသိမှတ်ပြုလက်မှတ်ရရှိရေးတို့ကို အင်တိုက်အားတိုက် ကူညီပံ့ပိုးသွားမယ်!!
TSBကျောင်းတွင် ကျောင်းစမ၀င်ခင်ကတည်းက အသိမှတ်ပြုလက်မှတ်ရရှိရေးအတွက် အတန်းတွေစတင်လျှက်ရှိပြီး၊ 1နှစ်အကြာမှာတော့ အလုပ်အကိုင်ရရှိနိုင်မဲ့ တရား၀င်အသိအမှတ်ပြုလက်မှတ်ကို ရယူပြီး၊2နှစ်အကြာမှာတော့advanced levelကို ရယူနိုင်လျှက်ရှိပါတယ်။