(Basic,Intermediate,Pre-Advance,Advance) Levelအလိုက်အတန်းများတွင် (Speaking,Listening,Reading,Writing)
စွမ်းရည်များကိုမြှင့်တင်ပြီး လက်တွေ့အသုံးချဂျပန်စာစွမ်းရည်ကို ရရှိစေမည်။နောက်ပြီး စာသင်ခန်းတွင်း စာသင်ချိန်အပြင် ဂျပန်ယဉ်ကျေးမှု၊ ရိုးရာပစ္စည်းဖန်တီးမှုလက်တွေ့လုပ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့်အတွေ့အကြုံဖလှယ်ခြင်း၊ လုပ်ငန်းလေ့လာရေးသွားရောက်ခြင်း၊ volunteer interviews စသည့်ဂျပန်လူမျိုးများနှင့်ပေါင်းသင်းဖလှယ်နိုင်မည့်အခွင့်အလမ်းများကို အဓိကထည့်သွင်းထားသော Curriculum ဖြင့်သင်ကြားပါသည်။
ထိုင်ဝမ်၊ ကိုရီးယား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ တရုတ်၊ နီပေါ၊ ဖီလစ်ပိုင်၊ ဟောင်ကောင်၊ မွန်ဂို၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတေးလျ၊ မြန်မာ၊ ဘရာဇီးစသည့်နိုင်ငံများမှ ပညာသင်ကျောင်းသားများတက်ရောက်နေပြီး နိုင်ငံခြားကျောင်းသားများနှင့် ကိုက်ညီမည့်ကျောင်းပုံစံကို ရည်ရွယ်တည်ဆောက်သွားမည်။ကျောင်းသားအများဆုံး(၁၀၀)ဦးသာသတ်မှတ်ထားသောကြောင့် ဆရာနှင့်ကျောင်းသား၊ ကျောင်းသားအချင်းချင်း ရင်းနှီးချစ်ခင်ကြပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာပတ်ဝန်းကျင်တွင် သင်ယူလေ့လာနိုင်မည့်ကျောင်းဖြစ်ပါသည်။စာကြိုးစားသောကျောင်းသားများစုဝေးနေပြီး အချင်းချင်းအပြန်အလှန်ကူညီရိုင်းပင်းကာ အတူတကွလေ့လာနိုင်တဲ့ကျောင်းလည်းဖြစ်ပါတယ်။
စာမေးပွဲမတိုင်ခင်အတန်းတွင်းမှာလည်း ပြင်ဆင်မှုများလုပ်ပေးပါသည်။ကျောင်းသက်တမ်း၃နှစ်အတွင်း ရလဒ်အနေနှင့် N1အောင်မြင်သူ၈ဦး(၁၄ဦးဖြေဆို)၊ N2အောင်မြင်သူ၂၂ဦး(၃၃ဦးဖြေဆို)၊ N3 အောင်မြင်သူ၄၃ဦး(၇၁ဦးဖြေဆို)စသဖြင့် JLPTစာမေးပွဲအောင်မြင်သူစုစုပေါင်း(၁၁၈)ဦးကို မွေးထုတ်နိုင်ခဲ့ပါသည်။မိခင်နိုင်ငံတွင်ခန်းဂျိကိုအသုံးမပြုသောကျောင်းသားများလည်း ကျောင်းပြီးဆုံးချိန်တွင်အားလုံးN2Levelနှင့်အထက်အောင်မြင်ရန်ရည်ရွယ်၍ သင်ကြားထောက်ပံ့ပေးနေပါသည်။
2 years course | 1 year & 6 months course | 1 years course | |
ကျောင်းဝင်ချိန် | ၄ လပိုင်း(ဧပြီ) | ၁၀ လပိုင်း(အောက်တိုဘာ) | ၄ လပိုင်း(ဧပြီ) |
ကျောင်းလျှောက် ဖောင်ပိတ်ရက် | ၁၁လပိုင်း၂၀ရက် | ၅လပိုင်း၂၀ရက် | ၁၁လပိုင်း၂၀ရက် |
ရက်သတ္တပတ် | ပထမအတန်းချိန် | ဒုတိယအတန်းချိန် | တတိယအတန်းချိန် | စတုတ္ထအတန်းချိန် | |
Basic |
၂၀ ပတ် |
အဓိကသင်ရိုးသင်ချိန် |
(ရေး၊ဖတ်၊ပြော၊နားထောင်) |
||
Intermediate |
၂၀ ပတ် |
အဓိကသင်ရိုးသင်ချိန် |
|||
Pre Advance |
၂၀ ပတ် |
အဓိကသင်ရိုးသင်ချိန် |
|||
Advance |
၂၀ ပတ် |
အဓိကသင်ရိုးသင်ချိန် |
စွမ်းရည်တစ်ခုခြင်းစီအလိုက်စာသင်ချိန်၂ |
Q.အဓိကသင်ရိုးသင်ချိန်
ကိုယ်ပိုင် Curriculum၊ ကိုယ်ပိုင်သင်ကြားနည်းများဖြင့် ဂျပန်စာလေ့လာမှုကိုအဓိကထားသော သဒ္ဒါစွမ်းရည်ကို မြှင့်တင်သည်။
Main textbook ကိုအသုံးပြုရင်း လက်တွေ့အသုံးချဂျပန်စာကို လေ့လာရမည်။
Q.စွမ်းရည်တစ်ခုခြင်းစီအလိုက်စာသင်ချိန် ၁
(ရေး၊ ဖတ်၊ ပြော၊ နားထောင်) စွမ်းရည်တစ်ခုခြင်းစီအလိုက် စာသင်ချိန်ကိုပြင်ဆင်ထားပြီး ထိရောက်မှုရှိရှိ လေ့လာရမည်။
Q.စွမ်းရည်တစ်ခုခြင်းစီအလိုက်စာသင်ချိန် ၂
ကျောင်းသားများ၏ရည်မှန်းချက်အသီးသီးအလိုက် စွမ်းရည်လိုအပ်ချက်၊ ရည်ရွက်ချက်မျာ့နှင့် ကိုက်ညီမည့်ဂျပန်စာကိုသင်ကြားထောက်ပံ့ပေးသည်။
ဂျပန်စာLevelအလိုက် Classများတွင်(နံနက်ပိုင်း၊ ညနေပိုင်း) တန်းခွဲများရှိသည်။
နံနက်ပိုင်း(Course) | |
အတန်းချိန် ၁ | 09 : 00 ~ 09 : 45 |
အတန်းချိန် ၂ | 09 : 55 ~ 10 : 40 |
အတန်းချိန် ၃ | 10 : 50 ~ 11 : 35 |
အတန်းချိန် ၄ | 11 : 45 ~ 12 : 30 |
ညနေပိုင်း(Course) | |
အတန်းချိန် ၁ | 13 : 30 ~ 14 : 15 |
အတန်းချိန် ၂ | 14 : 25 ~ 15 : 10 |
အတန်းချိန် ၃ | 15 : 20 ~ 16 : 05 |
အတန်းချိန် ၄ | 16 : 15 ~ 17 : 00 |
Course | လေ့လာချိန် | အသုံးပြုမည့် သင်ရိုးစာအုပ် | လေ့လာတတ်မြောက်မည့်အကြောင်းအရာ | ရောက်ရှိသည့် Level |
Basic | ပထမပိုင်း (၃)လ |
*ရိုးရှင်းလွယ်ကူသောစကားလုံးဖြင့် အနီးနားဝန်းကျင်ကအဖြစ်အပျက်ကို ရှင်းပြနိုင်မည်။ *မိမိနှင့်မိသားစုကို အလွယ်မိတ်ဆက်ပေးနိုင်မည်။ *တောင်းဆိုမှု၊ တားမြစ်ချက် စသည်တဖက်လူ၏လိုအပ်ချက်အလိုက် ပြုမှုဆောင်ရိုက်နိုင်မည်။ *အခြေအနေအချိန်ခါကြည့်ပြီး တဖက်လူနှင့်ကိုက်ညီမည့် သဒ္ဒါခွဲခြားအသုံးပြုမှုကို နားလည်နိုင်မည်။ |
JLPT N5 |
|
ဒုတိယပိုင်း (၃)လ |
*ရိုးရှင်းလွယ်ကူသောစကားလုံးဖြင့် အနီးနားဝန်းကျင်ကအဖြစ်အပျက်ကိုရှင်းပြခြင်း၊ မိမိ၏ထင်မြင်ချက်ကိုပြောဆိုခြင်းများ လုပ်နိုင်မည်။ *မိမိတိုင်းပြည်၏ နေထိုင်မှုပုံစံနှင့်ပတ်သက်ပြီး အလွယ်မိတ်ဆက်ရှင်းပြနိုင်မည်။ *တောင်းဆိုမှု၊ အဆိုပြုချက်၊ အကြံဉာဏ် စသည်တဖက်လူ၏လိုအပ်ချက်အလိုက် ပြုမှုဆောင်ရိုက်နိုင်မည်။ *အခြေအနေအချိန်ခါကြည့်ပြီး မည့်သည့်သဒ္ဒါစကားလုံးအသုံးပြုရမည်ကို နားလည်နိုင်မည်။ |
JLPT N4 |
||
Intermediate | ပထမပိုင်း (၃)လ |
*အနည်းငယ်ရှည်သောစာပိုဒ်များကို ဖတ်ခြင်း၊ နားထောင်ခြင်းများ ပြုလုပ်နားလည်နိုင်မည်။ *ယျေဘုံယျလူမှုပတ်ဝန်းကျင်ဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး Basic levelတွင်လေ့လာခဲ့သော သဒ္ဒါဦဝေါဟာရကိုအသုံးပြု၍ ထင်မြင်ချက်ကိုပြောပြနိုင်မည်။ *အခြေအနေအချိန်ခါကြည့်ပြီး တဖက်လူနှင့်ကိုက်ညီအောင်ပြောဆိုခြင်း၊ ရေးသားခြင်းများကိုလုပ်နိုင်မည်။ |
JLPT N3 |
|
ဒုတိယပိုင်း (၃)လ |
*ရှုပ်ထွေးသောစာကြောင်းဖွဲ့စည်းပုံတွေကိုနားလည်ပြီး၊ စုစည်းမှုရှိသောစာပိုဒ်၏အကြောင်းအရာကို ဖတ်မှတ်ရေးသားနိုင်သည်။ *အကြောင်းကိစ္စကိုစုစည်းပြီး ထိထိရောက်ရောက်ပြောနိုင်မည်။ *နေ့စဉ်ဘဝအတွေ့အကြုံ၊ လူမှုရေးပြသနာများနှင့်ပတ်သက်ပြီး ထင်မြင်၊သုံးသပ်ချက်၊အကြောင်းပြချက်စသည်ကိုပြောနိုင်မည်။ *အခြေအနေအချိန်အခါအလိုက် သင့်တော်သောအသုံးနူန်းကိုအသုံးပြု၍ ထင်မြင်ချက်ကိုပြောပြနိုင်မည်။ *ရှုထောင့်၊ စဉ်းစားပုံမတူညီသေ ာစကားပြောဖော်နှင့်လည်းပဲ စိတ်ဝင်တစားသတင်းအချက်အလက်၊ ထင်မြင်ချက်စသည်ကို ဆွေးနွေးမျှဝေနိုင်မည်။ |
JLPT N3 |
||
Pre-advance | ပထမပိုင်း (၃)လ |
JLPT N3-N2 |
||
ဒုတိယပိုင်း (၃)လ |
*နေ့စဉ်ကြုံတွေ့အသုံးချရမည့် ဘာသာစကားခေါင်းစဉ်ဖြင့် အပြင်လောကတွင်အမှန်တကယ်အသုံးပြုနေသော စာများ (အက်ဆေး၊ရှင်းပြချက်၊ဆောင်းပါးစသည်)ကိုဖတ်ရှုနားလည်ပြီးထိုစာနှင့်ပတ်သက်လို့ မိမိ၏ထင်မြင်ချက်ကိုအစီအစဉ်တကျ ဖော်ပြနိုင်မည်။ *ရှင်းပြချက်၊ အကြောင်းပြချက်ပေးခြင်း၊ စာရေးသားခြင်း၊ အစီရင်ခံခြင်းစသည့် အထွေထွေပြောနိုင်သည့်အဆင့်ဖြစ်သည့် အနည်းငယ်ခက်ခဲသောအခြေအနေတွင် communicationလုပ်နိုင်မည်။ |
JLPT N2 |
||
Advance | (၆) လ | *ပိုမိုခက်ခဲသော စာကြောင်းတည်ဆောက်ပုံများကိုနားလည်၍ အစီအစဉ်တကျပြန်ပြေနိင်ခြင်း၊ ဖတ်ခြင်း ရေးခြင်းများလုပ်နိုင်မည်။ *အကြောင်းအရာကိုစုစည်းပြီး ထိထိမိမိပြောဆိုနိုင်မည်။ *နေ့စဉ်ဘဝအတွေ့အကြုံ၊ လူမှုရေးပြသနာများနှင့်ပတ်သက်ပြီးထင်မြင်၊ သုံးသပ်ချက်၊ အကြောင်းပြချက်စသည်ကို အသေးစိတ်ပြောနိုင်မည်။ *အခြေအနေအချိန်အခါအလိုက် သင်တင့်သောအသုံးအနူန်းများဖြင့် ထင်မြင်ချက်ကိုဖော်ပြနိုင်မည်။ *ရှုထောင့်၊ စဉ်းစားပုံမတူညီသောစကားပြောဖာ်နှင့်လည်းပဲ သင့်တော်သောအသုံးအနူန်းများဖြင့် စိတ်ဝင်တစား သတင်းအချက်အလက်၊ ထင်မြင်ချက်စသည်ကို ဆွေးနွေးမျှဝေနိုင်မည်။ |
JLPT N2-N1 |