TOP-J ဆိုသည်မှာ – မှဦးစီး၍၂၀၀၈ခုနှစ်မှစတင်ကျင်းပသောဂျပန်စာအရည်ချင်းစစ်စာမေးပွဲအသစ်တစ်ခုဖြစ်ပါသည်။ ဂျပန်လူဝင်မှုကြီးကြပ်ရေး (Japan Imigration)မှပြည်ဝင်ခွင့်အသိမှတ်ပြုစာမေးပွဲဖြစ်ပါသည်။ နားထောင်မှုအရည်ချင်းစစ်မေးခွန်း(Listening) 45% ခန့်ပါဝင်ပြီးလက်တွေ့လူမှုဆက်ဆံရေး (Communication)အရည်သွေးကိုအဓိကထားစစ်ဆေးသောစာမေးပွဲဖြစ်သည်။
TOP-Jတွင် N1~N5 Level မဟုတ်ဘဲ SHOKYU(Basic), CHUKYU(Intermediate), JYOKYU(Advance) ဟူ၍ Level (3) မျိုးသာခွဲထားပါသည်။Level တစ်ခုခြင်းစီတွင်အဆင့် A,B,C ဟုအသေးစိတ်ပြန်လည်ခွဲခြားထားသောကြောင့် Level စုစုပေါင်း (9) ခုဖြစ်ပါသည်။
ထို့ကြောင့်ဂျပန်စာအရည်ချင်းကိုအသေးစိတ်တိုင်းတာနိုင်ခြင်းမှာ TOP-J ၏အားသာချက်တစ်ရပ်ဖြစ်သည်။
JYOKYU-A : ဂျပန်ကုမ္မဏီများတွင်အခက်အခဲမရှိအလုပ်လုပ်နိုင်သော Level
JYOKYU-B : မြန်မာနိုင်ငံမှတိုက်ရိုက်ဂျပန်ရှိနာမည်ကြီးအစိုးရတက္ကသိုလ်၊ ပုဂ္ဂလိကတက္ကသိုလ်များသို့ ပညာသင်သွားရောက်နိုင်သော Level
JYOKYU-C : ဂျပန်ရှိအစိုးရတက္ကသိုလ်၊ ပုဂ္ဂလိကတက္ကသိုလ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင်သာLevel
CHUKYU-A : ဂျပန်ရှိနာမည်ကြီးပုဂ္ဂလိကတက္ကသိုလ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင်သော Level
CHUKYU-B : ဂျပန်ရှိအလယ်လတ်တန်းပုဂ္ဂလိကတက္ကသိုလ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင် သော Level
CHUKYU-C : ဂျပန်ရှိနည်းပညာကောလိပ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင်သော Level
SHOKYU-A : နေ့စဉ်ကြုံတွေရသောပုံမှန်ပတ်ဝန်းကျင်အခြေအနေတွင်အခက်ခဲမရှိ Reading စွမ်းရည်ရှိ သော Level
SHOKYU-B : အခြေခံအဆင့်ဂျပန်စာစကားကိုနားလည်နိုင်သော Level
SHOKYU-C : လွယ်ကူသောဂျပန်စကားများကိုအသုံးပြု၍နုတ်ဆက်စကားအပြန်အလှန်ပြောနိုင်သောLevel
* ဂျပန်သို့ပညာသင်သွားနိုင်သောအသိမှတ်ပြု Level မှာ SHOKYU-A(JLPT N4) ကိုရယူထားရမည်။
အပိုင်းကဏ္ဍ | ဖြေဆိုချိန် | စုစုပေါင်း | |
JYOKYU | Listening Vocabulary,Grammer,Reading | 35 minutes 85 minutes | 120 minutes |
CHUKYU | Listening Vocabulary,Grammer,Reading | 35 minutes 55 minutes | 90 minutes |
SHOKYU | Listening Vocabulary,Grammer,Reading | 35 minutes 55 minutes | 90 minutes |
SHOKYU Level
အပိုင်းကဏ္ဍ | ပေးမှတ် | စုစုပေါင်း | |
Listening |
ပန်းချီ၊ ရုပ်ပြမေးခွန်း မှန်ကန်စွာနားထောင်နိုင်မှုစွမ်းရည်စစ်ရုပ်ပြမေးခွန်း သင့်လျော်မှန်ကန်စွာဖြေနိုင်စွမ်းစစ်မေးခွန်း |
225 | 500 |
Vocabulary Grammer Reading |
အထွေထွေမေးခွန်း စာဖတ်စွမ်းရည်စစ်မေးခွန်း ဂျပန်ယဉ်ကျေးမှုဓလေ့မေးခွန်း |
275 |
CHUKYU, JYOKYU Level
အပိုင်းကဏ္ဍ | ပေးမှတ် | စုစုပေါင်း | |
Listening |
ပန်းချီ၊ ရုပ်ပြမေးခွန်း အပြန်လှန်စကားပြော၊ ရှင်းလင်းချက်မေးခွန်း ခက်ခဲသောစာဖတ်စွမ်းရည်စစ်မေးခွန်း |
225 | 500 |
Vocabulary Grammer Reading |
အထွေထွေမေးခွန်း စာဖတ်စွမ်းရည်စစ်မေးခွန်း ဂျပန်ယဉ်ကျေးမှုဓလေ့မေးခွန်း |
275 |
မြန်မာနိုင်ငံတွင် (1,3,6,9,12) မဂဏန်းလများတွင်တစ်နှစ် (၆) ကြိမ်ကျင်းပပြုလုပ်ပေးပါသည်။
TOP-J စာမေးပွဲလျှောက်လွာကို MAJA တွင်လက်ခံဆောင်ရွက်ပေးပါသည်။
Address (MAJA YGN): No. 2B-4, Snow Garden Housing, Thu Mingalar Street, Hnin Si Gone (KA) Quarter, Thingangyum Township, Yangon, Myanmar.
စာမေးပွဲရလဒ်ကိုစာမေးပွဲဖြေဆိုပြီး (၂) ပတ်အကြာခန့်တွင် Website မှကြေငြာပေးပါသည်။
အသေးစိတ်အမှတ်စာရင်းကိုလည်းထုတ်ယူနိုင်ပါသည်။