J-Test ဆိုသည်မှာ ၁၉၉၁ ခုနှစ်မှ စတင်ပြီးကျင်းပသော ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် နိုဝင်ဘာလ မှ စတင်ကာ တစ်နှစ်လျှင် (၆) ကြိမ် ကျင်းပပေးလျှက်ရှိပါသည်။ ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေး (Japan Immigration) မှ အသိအမှတ်ပြုထားသော စာမေးပွဲဖြစ်ပါသည်။ ဂျပန်စာ လေ့လာသင်ကြားနေသော (non-native speaker) များအတွက် ရည်ရွယ်ပြီး ဂျပန်စာကိုလေ့လာသင်ယူပြီး ဂျပန်ကုမ္ပဏီများတွင် အလုပ်ဝင်ရန်ရည်ရွယ်ထားသူများ ၊ ဂျပန်နိုင်ငံသို့ပညာသင်သွားရောက်မည့်သူများ ၊ ဂျပန်ဘာသာကိုသင်ယူ၍ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အတွက် ဖြေဆိုရန်သင့်တော် သော စာမေးပွဲဖြစ်ရုံတင်မက ကုမ္ပဏီ၊ကျောင်းနှင့်အဖွဲ့အစည်းပေါင်း (၄၀၀)ကျော်တွင် အသုံးပြုနေသော စာမေးပွဲ ဖြစ်ပါသည်။
J-TEST ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲတွင် A-C Level, D-E Levelနှင့်F-G Levelဟူ၍ Level (3)မျိုး ခွဲခြားထားပါသည်။ J-TEST စာမေးပွဲ၏ ထူးခြားချက်မှာ ဂျပန်ဘာသာအရည်အချင်းကို ပိုမိုခန့်မှန်းနိုင်ရန် ရည်ရွယ်၍ ရေးဖြေမေးခွန်းများလည်း ပါဝင်ပါသည်။
Level | စုစုပေါင်းရမှတ် | အနည်းဆုံးရမှတ် | ဖြေဆိုသင့်သူများ | နမူနာ မေခွန်းပုံစံ |
A-C Level | ၁၀၀၀ | ၆၀၀ | ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N1 , N2 ဖြေဆိုသူများအတွက် | A-Cレベルサンプル問題(Q/A) |
D-E Level | ၇၀၀ | ၃၅၀ | ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N3 , N4 ဖြေဆိုသူများအတွက် | D-Eレベルサンプル問題(Q/A) |
F-G Level | ၃၅၀ | ၁၈၀ | ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N5,Basic Levelဖြေဆိုမည့်သူများအတွက် | F-Gレベルサンプル問題(Q/A) |
Levelတိုင်း အနည်းဆုံးရမှတ်ကို ရရှိမှသာလျှင်Certificate (အောင်လက်မှတ်) ထုတ်ပေးမည်ဖြစ်ပါသည်။
တစ်နှစ်လျှင် (၆) ကြိမ် (ဇန်နဝါရီလ၊ မတ်လ၊ မေလ၊ ဇူလိုင်လ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလ) များတွင်ကျင်းပပေးလျှက်ရှိပါသည်။
A-C Level(1000marks)
Reading & Writing (80mins) | ||
1 | Grammar & Vocabulary | 200marks |
2 | Reading | 120marks |
3 | Kanji | 120marks |
4 | Writing | 60marks |
စုစုပေါင်း | (500marks) |
Listening(45mins) | ||
5 | Depiction | 50marks |
6 | Listening-reading comprehension | 100marks |
7 | Response questions | 200marks |
8 | Conversation & Explanation | 150marks |
စုစုပေါင်း | (500 marks) |
မှတ်ချက်
၁။ အမှတ်ပြည့်(၁၀၀၀)မှတ်ဖြေဆိုရမည်ဖြစ်ပီး(၆၀၀)မှတ်အောက်လျော့နည်းနေပါက Certificate ရရှိ နိုင်မည်မဟုတ်ပါ။
၂။ A-C Levelဖြေဆိုရာတွင်မေးခွန်းအပိုင်း(၈)ပိုင်းဖြေဆိုရမည်ဖြစ်ပီးအပိုင်းတစ်ပိုင်းပိုင်းတွင်(0marks) ရရှိ ပါကCertificate ရရှိနိုင်မည်မဟုတ်ပါ။
D-E Level (700marks)
Reading & Writing (70 mins) | ||
1 | Grammar & Vocabulary | 150marks |
2 | General reading comprehension | 80marks |
3 | Kanji | 80marks |
4 | Writing | 40marks |
စုစုပေါင်း | (350marks) |
Listening(35mins) | ||
5 | Depiction | 30marks |
6 | Listening-reading comprehension | 60marks |
7 | Response questions | 160marks |
8 | Conversation & Explanation | 100marks |
စုစုပေါင်း | (350 marks) |
မှတ်ချက်
၁။ အမှတ်ပြည့်(၇၀၀)မှတ်ဖြေဆိုရမည်ဖြစ်ပီး(၃၅၀)မှတ်အောက်လျော့နည်းနေပါကCertificate ရရှိနိုင်မည်မဟုတ်ပါ။
၂။ D-E Levelဖြေဆိုရာတွင်မေးခွန်းအပိုင်း၈ပိုင်းဖြေဆိုရမည်ဖြစ်ပီးအပိုင်းတစ်ပိုင်းပိုင်းတွင်(0marks) ရရှိပါကCertificateရရှိနိုင်မည်မဟုတ်ပါ။
F-G Level (350marks)
Reading & Writing (60 mins) | ||
1 | Grammar & Vocabulary | 75marks |
2 | General reading comprehension | 50marks |
3 | Kanji | 30marks |
4 | Writing | 20marks |
စုစုပေါင်း | (175marks) |
Listening(25mins) | ||
5 | Depiction | 20marks |
6 | Listening-reading comprehension | 15marks |
7 | Response questions | 70marks |
8 | Conversation & Explanation | 70marks |
စုစုပေါင်း | (175 marks) |
မှတ်ချက်
၁။ အမှတ်ပြည့်(၃၅၀)မှတ်ဖြေဆိုရမည်ဖြစ်ပီး(၁၈၀)မှတ်အောက်လျော့နည်းနေပါကCertificate ရရှိနိုင်မည်မဟုတ်ပါ။
၂။ F-G Levelဖြေဆိုရာတွင်မေးခွန်းအပိုင်း၈ပိုင်းဖြေဆိုရမည်ဖြစ်ပီးအပိုင်းတစ်ပိုင်းပိုင်းတွင်(0marks) ရရှိပါ Certificate ရရှိနိုင်မည်မဟုတ်ပါ။
J-Test စာမေးပွဲလျှောက်လွှာကို J-Test Myanmar Office တွင် လက်ခံဆောင်ရွက်ပေးပါသည်။
J-Test Myanmar Office (VAC Yangon Co., Ltd)
No.37, 2FL, Rm206, LaPyayt Wun Plaza, Alanpya Pagoda
Road,Yangon , Myanmar.
09-95020538
စာမေးပွဲရလဒ်များကို J-TEST ၏ website မှကြေငြာပေးပါသည်။ အသေးစိတ်အမှတ်စာရင်း ကိုလည်း ထုတ်ယူနိုင်ပါသည်။