BJTဆိုသည်မှာ(Business Japanese Test) ရုံးလုပ်ငန်းသုံးဂျပန်စာအရည်ချင်းစစ်စာမေးပွဲဖြစ်ပြီးစီးပွားရေး နယ်ပါယ်များတွင်အသုံးပြုရန်လိုအပ်သောလူမှုဆက်ဆံရေးဂျပန်စာအရည်ချင်းကိုစစ်ဆေးသောစာမေးပွဲတစ်ခုဖြစ်ပါသည်။
စကားပြောအရည်ချင်းတစ်ခုသာမဟုတ်ပဲလုပ်ငန်းသုံး Mail, Fax, Graph များတွင်အသုံးပြုသောဂျပန်စာကို နားလည်မှုစွမ်းရည်၊ အခြေအနေအရပ်ရပ်တို့တွင်ဖြေရှင်းနိုင်မှုစွမ်းရည်တို့ကိုပါတိုင်းတာနိုင်သောစာမေးပွဲဖြစ်သည်။
ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ၊ ဂျပန်ကုမ္မဏီအလုပ် Interview များတွင်လည်း Standard တစ်ခုအဖြစ် BJT စာမေးပွဲရလဒ်ကိုအသုံးပြုနေပြီဖြစ်ပါသည်။
BJT စာမေးပွဲတွင်အမှတ်ပြည့် 800 Marks သတ်မှတ်ထားပြီး၊ Level ကို J5,J4,J3,J2,J1,J1+ ဟူ၍ခွဲခြားထားပါသည်။
J1+ | ရမှတ် 600~800 | မည်သည့်လုပ်ငန်းအခြေအနေမျိုးတွင်မဆိုဂျပန်ဘာသာနှင့်ပတ်သက်၍ အပြည့်အဝ Communication ယူနိုင်သူ |
J1 | ရမှတ် 530~599 | ကျယ်ပြန့်သောလုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍သင့်တင့်မှန်ကန်သော Communication ယူနိုင်သူ |
J2 | ရမှတ် 420~529 | သတ်မှတ်လုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍သင့်တင့်မှန်ကန်သော Communication ယူနိုင်သူ |
J3 | ရမှတ် 320~419 | သတ်မှတ်လုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍အတိုင်းတာတစ်ခုအထိ Communication ယူနိုင်သူ |
J4 | ရမှတ် 200~319 | သတ်မှတ်လုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍အနိမ့်ဆုံးအဆင့် Communication ယူနိုင်သူ |
J5 | ရမှတ် 0~199 | လုပ်ငန်းသုံးဂျပန်စာ Communication အရည်အချင်းလုံးဝနီးပါးမရှိသူ |
စာမေးပွဲမေးခွန်းပုံစံမှာ မေးခွန်း (၄) ခုတွင်အဖြေမှန် (၁) ခုရွေးချယ်ရသောပုံစံဖြစ်ပြီး၊ အမှတ်ပေးစနစ်မှာမူအဖြေမှန်တစ်ခုလျှင် (၁) မှတ်စီပေးတွက်ချက်ပေးသောစနစ်မဟုတ်ပဲ။
မေးခွန်း၏အခက်အလွယ်အပေါ်မူတည်၍ပေးမှတ်ကွဲပြားသောနည်းလမ်းဖြစ်တွက်ချက်အမှတ်ပေးပါသည်။
ထို့ကြောင့်မိမိ၏ဂျပန်စာအရည်ချင်းအသေးစိတ်ကိုမှန်ကန်တိကျစွာတိုင်းတာနိုင်ပါသည်။
ဖြေဆိုချိန် | မေးခွန်းအရေအတွက် | |
Listening | (ab) 45 min | 25Q |
Listen-Reading | (ab) 30 min | 25Q |
Reading | 30 min | 30Q |
ဖြေဆိုချိန်စုစုပေါင်း (၂) နာရီခန့်ဖြစ်ပြီးမေးခွန်းစုစုပေါင်း (၈၀) ခန့်ဖြေဆိုရပါသည်။
BJT စာမေးပွဲတွင် CBT (Computer Based Testing) ဟုခေါ်သော Test Center တွင် Computer ကိုအသုံးပြု၍ဖြေဆိုရသောစာမေးပွဲပုံစံကိုအသုံးပြုပါသည်။ ဖြေဆိုသူသည်တစ်ဦးချင်းအတွက်သီးသန့်စီစဉ်ပေးထားသော Boost တွင် Computer Screen ၌ဖော်ပြသောမေးခွန်းနှင့် Head Phone တွင်လာသောမေးခွန်းတို့ကို Screen ၌ပင်ဖြေဆိုရပါသည်။
ထို့ကြောင့်မိမိအဆင်ပြေသောအချိန်ကိုညှိနိုင်း၍စာမေးပွဲလျှောက်ထားဖြေဆိုနိုင်ပါသည်။ ထို့ပြင်စာမေးပွဲရလဒ်ကိုလည်းဖြေဆိုပြီးချက်ချင်းပင်ထုတ်ယူနိုင်ပါသည်။ တစ်ဦးခြင်း၊ အဖွဲ့လိုက်ဖြေဆိုချင်သူများအတွက်လည်းအဆင်ပြေပါသည်။
မြန်မာနိုင်ငံတွင် BJT စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများအောက်ပါလိပ်စာတွင်လက်ခံဆောင်ရွက်ပေးနေပါသည်။
Address – Bldg.5, 2nd Floor, Room6, Myanmar Info-Tech Park, Universities Hlaing Campus, Hlaing Township, Yangon
Mail – [email protected]
Tel – 09-963-344598, 09-261-961361