• ဗမာစာ
  • 日本語

TOP J

What is TOP J ?

TOP-J ဆိုသည်မှာ – မှဦးစီး၍၂၀၀၈ခုနှစ်မှစတင်ကျင်းပသောဂျပန်စာအရည်ချင်းစစ်စာမေးပွဲအသစ်တစ်ခုဖြစ်ပါသည်။ ဂျပန်လူဝင်မှုကြီးကြပ်ရေး (Japan Imigration)မှပြည်ဝင်ခွင့်အသိမှတ်ပြုစာမေးပွဲဖြစ်ပါသည်။ နားထောင်မှုအရည်ချင်းစစ်မေးခွန်း(Listening) 45% ခန့်ပါဝင်ပြီးလက်တွေ့လူမှုဆက်ဆံရေး (Communication)အရည်သွေးကိုအဓိကထားစစ်ဆေးသောစာမေးပွဲဖြစ်သည်။

LEVEL အလိုက်အရည်အချင်းခန့်မှန်းတိုင်းတာချက်

TOP-Jတွင် N1~N5 Level မဟုတ်ဘဲ SHOKYU(Basic), CHUKYU(Intermediate), JYOKYU(Advance) ဟူ၍ Level (3) မျိုးသာခွဲထားပါသည်။Level တစ်ခုခြင်းစီတွင်အဆင့် A,B,C ဟုအသေးစိတ်ပြန်လည်ခွဲခြားထားသောကြောင့် Level စုစုပေါင်း (9) ခုဖြစ်ပါသည်။
ထို့ကြောင့်ဂျပန်စာအရည်ချင်းကိုအသေးစိတ်တိုင်းတာနိုင်ခြင်းမှာ TOP-J ၏အားသာချက်တစ်ရပ်ဖြစ်သည်။

JYOKYU(Advance) = JLPT N1 (or) Above

JYOKYU-A : ဂျပန်ကုမ္မဏီများတွင်အခက်အခဲမရှိအလုပ်လုပ်နိုင်သော Level
JYOKYU-B : မြန်မာနိုင်ငံမှတိုက်ရိုက်ဂျပန်ရှိနာမည်ကြီးအစိုးရတက္ကသိုလ်၊ ပုဂ္ဂလိကတက္ကသိုလ်များသို့ ပညာသင်သွားရောက်နိုင်သော Level
JYOKYU-C : ဂျပန်ရှိအစိုးရတက္ကသိုလ်၊ ပုဂ္ဂလိကတက္ကသိုလ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင်သာLevel

CHUKYU(Intermediate) = JLPT N2~N3 Level

CHUKYU-A : ဂျပန်ရှိနာမည်ကြီးပုဂ္ဂလိကတက္ကသိုလ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင်သော Level
CHUKYU-B : ဂျပန်ရှိအလယ်လတ်တန်းပုဂ္ဂလိကတက္ကသိုလ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင် သော Level
CHUKYU-C : ဂျပန်ရှိနည်းပညာကောလိပ်များ၏ဝင်ခွင့်စာမေးပွဲကိုဖြေဆိုအောင်မြင်နိုင်သော Level

SHOKYU(Basic) = JLPT N4~N5 Level

SHOKYU-A : နေ့စဉ်ကြုံတွေရသောပုံမှန်ပတ်ဝန်းကျင်အခြေအနေတွင်အခက်ခဲမရှိ Reading စွမ်းရည်ရှိ သော Level
SHOKYU-B : အခြေခံအဆင့်ဂျပန်စာစကားကိုနားလည်နိုင်သော Level
SHOKYU-C : လွယ်ကူသောဂျပန်စကားများကိုအသုံးပြု၍နုတ်ဆက်စကားအပြန်အလှန်ပြောနိုင်သောLevel

* ဂျပန်သို့ပညာသင်သွားနိုင်သောအသိမှတ်ပြု Level မှာ SHOKYU-A(JLPT N4) ကိုရယူထားရမည်။

စာမေးပွဲဖြေဆိုချိန်၊ ဖြေဆိုရသောအပိုင်းကဏ္ဍ
အပိုင်းကဏ္ဍဖြေဆိုချိန်စုစုပေါင်း
JYOKYUListening
Vocabulary,Grammer,Reading
35 minutes
85 minutes
120 minutes
CHUKYUListening
Vocabulary,Grammer,Reading
35 minutes
55 minutes
90 minutes
SHOKYUListening
Vocabulary,Grammer,Reading
35 minutes
55 minutes
90 minutes
စာမေးပွဲဖြေဆိုချိန်၊ဖြေဆိုရသောအပိုင်းကဏ္ဍ၊အမှတ်ပေးစနစ်

SHOKYU Level

  အပိုင်းကဏ္ဍ ပေးမှတ် စုစုပေါင်း
Listening

ပန်းချီ၊ ရုပ်ပြမေးခွန်း

မှန်ကန်စွာနားထောင်နိုင်မှုစွမ်းရည်စစ်ရုပ်ပြမေးခွန်း

သင့်လျော်မှန်ကန်စွာဖြေနိုင်စွမ်းစစ်မေးခွန်း

225 500

Vocabulary

Grammer

Reading

အထွေထွေမေးခွန်း

စာဖတ်စွမ်းရည်စစ်မေးခွန်း

ဂျပန်ယဉ်ကျေးမှုဓလေ့မေးခွန်း

275

CHUKYU, JYOKYU Level

  အပိုင်းကဏ္ဍ ပေးမှတ် စုစုပေါင်း
Listening

ပန်းချီ၊ ရုပ်ပြမေးခွန်း

အပြန်လှန်စကားပြော၊ ရှင်းလင်းချက်မေးခွန်း

ခက်ခဲသောစာဖတ်စွမ်းရည်စစ်မေးခွန်း

225 500

Vocabulary

Grammer

Reading

အထွေထွေမေးခွန်း

စာဖတ်စွမ်းရည်စစ်မေးခွန်း

ဂျပန်ယဉ်ကျေးမှုဓလေ့မေးခွန်း

275
စာမေးပွဲကျင်းပသည့်အချိန်နှင့်ရလဒ်ကြေငြာချက်
စာမေးပွဲကျင်းပသောအချိန်

မြန်မာနိုင်ငံတွင် (1,3,6,9,12) မဂဏန်းလများတွင်တစ်နှစ် (၆) ကြိမ်ကျင်းပပြုလုပ်ပေးပါသည်။
TOP-J စာမေးပွဲလျှောက်လွာကို MAJA တွင်လက်ခံဆောင်ရွက်ပေးပါသည်။

Myanmar Association of Japan Alumni (MAJA)

Address (MAJA YGN): No. 2B-4, Snow Garden Housing, Thu Mingalar Street, Hnin Si Gone (KA) Quarter, Thingangyum Township, Yangon, Myanmar.

စာမေးပွဲရလဒ်ကိုစာမေးပွဲဖြေဆိုပြီး (၂) ပတ်အကြာခန့်တွင် Website မှကြေငြာပေးပါသည်။
အသေးစိတ်အမှတ်စာရင်းကိုလည်းထုတ်ယူနိုင်ပါသည်။