• ဗမာစာ
  • 日本語

JLPT

What is JLPT ?

JLPTဆိုသည်မှာ ဂျပန်ရှိနိုင်ငံတကာဆက်ဆံရေးရန်ပုံငွေနှင့်ဂျပန်နိုင်ငံတကာပညာရေးထောက်ပံ့မှုအဖွဲ့ အစည်းတို့မှပူးပေါင်းဆောင်ရွက်သောဂျပန်စာအရည်ချင်းစစ်စာမေးပွဲဖြစ်ပြီးဂျပန်စာမိခင်ဘာသာစကား မဟုတ်သောနိုင်ငံခြားသားများအတွက်ဂျပန်စာအရည်ချင်းအသိမှတ်ပြုနိုင်ရန်ကျင်းပပေးသောစာမေးပွဲ ဖြစ်သည်။

LEVEL အလိုက်အရည်အချင်းခန့်မှန်းတိုင်းတာချက်

JLPT တွင် N5~N1 ဟူ၍အဆင့်(၅)ခုခွဲခြားသတ်မှတ်ထားပါသည်။
LEVEL တစ်ခုချင်းစီအလိုက်အရည်ချင်းအသိမှတ်ပြုတိုင်းတာချက်ကွဲပြားပါသည်။
N1 – ကျယ်ပြန့်သောအခြေအနေ၊ပတ်ဝန်းကျင်အမျိုးမျိုးတွင်အသုံးပြုသောဂျပန်စာ၊ စကားကိုနားလည်နိုင်စွမ်းရှိသူ။
N2 – နေ့စဉ်ကြုံတွေရသောပုံမှန်ပတ်ဝန်းကျင်အခြေအနေတွင်အသုံးပြုသောဂျပန်စာ၊ စကားကိုနားလည်နိုင်စွမ်းရှိသူ၊ ထို့ထက်ပို၍ကျယ်ပြန့်သောအခြေအနေ၊ပတ်ဝန်းကျင်အမျိုးမျိုးတွင်အသုံးပြုသောဂျပန်စာ၊ စကားတို့ကိုအတိုင်းတာတစ်ခုထိနားလည်နိုင်စွမ်းရှိသူ။
N3 – နေ့စဉ်ကြုံတွေရသောပုံမှန်ပတ်ဝန်းကျင်အခြေအနေတွင်အသုံးပြုသောဂျပန်စာ၊ စကားကိုအတိုင်းတာ တစ်ခုအထိနားလည်နိုင်စွမ်းရှိသူ။
N4 – အခြခံအဆင့်ဂျပန်စာ၊ စကားတို့ကိုနားလည်နိုင်စွမ်းရှိသူ။
N5 – အခြခံအဆင့်ဂျပန်စာ၊ စကားတို့ကိုအတိုင်းတာတစ်ခုအထိနားလည်နိုင်စွမ်းရှိသူ

စာမေးပွဲကျင်းပသောအချိန်

မြန်မာနိုင်ငံတွင်(၇)လပိုင်းနှင့်(၁၂)လပိုင်းတစ်နှစ်(၂)ကြိမ်ကျင်းပပြုလုပ်ပေးပါသည်။ (၇)လပိုင်းမန ္တလေးတွင်ကျင်းပပြီး၊ (၁၂)လပိုင်းရန်ကုန်တွင်ကျင်းပပါသည်။

စာမေးပွဲဖြေဆိုချိန်၊ဖြေဆိုရသောအပိုင်းကဏ္ဍ၊အမှတ်ပေးစနစ်
LEVEL အပိုင်းကဏ္ဍ(ဖြေဆိုချိန်)
N1 Vocabulary,Grammer,Reading(110 minutes) Listening(60 minutes)
N2 Vocabulary,Grammer,Reading(105 minutes) Listening(50 minutes)
N3 Vocabulary(30min) Grammer,Reading(70min) Listening(40 minutes)
N4 Vocabulary(30min) Grammer,Reading(60min) Listening(35 minutes)
N5 Vocabulary(25min) Grammer,Reading(50min) Listening(30 minutes)

မတူညီသောကာလတွင်ကျင်းပရသောကြောင့်စာမေးပွဲ၏ခက်ခဲမှုလွယ်ကူမှုအနည်းငယ်ကွဲပြားနိုင်ပါသည်။ ထို့ကြောင့်အမှတ်ပေးစနစ်တွင်အဖြေမှန်သောမေးခွန်းအပုဒ်ရေဖြင့်အမှတ်ပေးပါကအရည်ချင်းတူဖြစ်သော် လည်းမေးခွန်းခက်သောအကြိမ်နှင့်မေးခွန်းလွယ်သောအကြိမ်ရမှတ်ကွဲပြားနိုင်သည်။
ထို့အတွက် JLPT တွင်စာမေးပွဲရမှတ်ကိုမည့်သည့်အကြိမ်တွင်မဆိုအရည်ချင်းအမှန်ကိုတိုင်းတာနိုင်သော အမှတ်ပေးတွက်ချက်နည်းစနစ်ကိုအသုံးပြုပါသည်။

ဖြေဆိုခွင့်လျှောက်ထား

Yangon: Myanmar Association of Japan Alumni (MAJA)
Address – No. 2B-4, Snow Garden Housing, Thu Mingalar Street, Hnin Si Gone (KA) Quarter, Thingangyum Township, Yangon, Myanmar.
Tel – 09428756746, 09986093637

Mandalay: Myanmar Association of Japan Alumni (MAJA)
Address – 1st Floor, MABA, Water Street, Block-1, Unit 6, Mingalar Mandalay, Chan Mya Thar Si Township, Mandalay.
Tel – 09 255162533

JLPTစာမေးပွဲအချက်အလက်များ
ယခုနှစ်ပိုင်းမြန်မာနိုင်ငံတွင်JLPTဖြေဆိုသူဦးရေတစ်ဟုန်တိုးမြင့်တက်လာနေပါသည်။

* Prepared by J Compass with using data from JLPT website